skip to content

နေပြည်တော်၊သြဂုတ်လ(၁၆)ရက်။      

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ (၂၄)ကြိမ်မြောက်အာရှသက်ငယ်တန်း၊ အသက် (၁၈)နှစ်အောက် (Junior)နှင့် အသက်(၁၅)နှစ်အောက် (Cadet) စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ယမန်နေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အာရှစားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ ပြိုင်ပွဲ တာဝန်ခံ Mr. Afshin Baidee ၊   မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

ထို့နောက် အသက်(၁၅)နှစ်အောက် (Cadet) အမျိုးသားပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲများအပြီး တရုတ်အသင်းမှ ပထမ၊ ဂျပန်အသင်းမှ ဒုတိယ၊ ဟောင်ကောင်အသင်းနှင့် တရုတ်တိုင်ပေ အသင်းတို့မှ ပူးတွဲတတိယဆုများကို ရရှိခဲ့ပြီး အဆိုပါဆုများအား Asian Table Tennis Union  Advisors Mr. Chan မှလည်းကောင်း၊ (Cadet) အမျိုးသမီးပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲများအပြီး တရုတ်အသင်းမှ ပထမ၊ ကိုရီးယားအသင်းမှ ဒုတိယ၊ ဂျပန်နှင့် တရုတ်တိုင်ပေ အသင်းတို့မှ ပူးတွဲတတိယဆုများကို ရရှိခဲ့ပြီး အဆိုပါဆုများအား အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ အသက်(၁၈)နှစ်အောက် (Junior) အမျိုးသားပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲများအပြီး တရုတ်အသင်းမှ ပထမ၊ အိန္ဒိယအသင်းမှ ဒုတိယ၊ ဂျပန်အသင်းနှင့် အီရန်အသင်းတို့မှ ပူးတွဲတတိယဆုများကို ရရှိခဲ့ပြီး အဆိုပါဆုများအား အာရှစားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ ပြိုင်ပွဲ တာဝန်ခံ Mr. Afshin Baidee မှ လည်းကောင်း၊ (Junior) အမျိုးသမီးပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲများအပြီး တရုတ်အသင်းမှ ပထမ၊ ဂျပန်အသင်းမှဒုတိယ၊ ကိုရီးယားအသင်းနှင့် ဟောင်ကောင်အသင်းမှ ပူးတွဲတတိယဆုများကို ရရှိခဲ့ပြီး အဆိုပါဆုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အာရှစားပွဲတင်တင်းနစ်ပြိုင်ပွဲကို သြဂုတ်လ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် နေ့စဉ်နံနက် (၉:ဝဝ) နာရီအချိန်မှစ၍ စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် စားပွဲတင်တင်းနစ်အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။

 


back to top Eng