skip to content
 
နေပြည်တော်၊ စက်တင်ဘာ(၂၆)ရက်။
 
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် အလေးမနည်းပြသင်တန်း (အဆင့်-၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့နံနက်(၁ဝ)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Mutilpurpose Hall ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်၊ အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ Hungaryနိုင်ငံမှ Mr.Tamas Feher၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို တက်ရောက်ခဲ့ကြသော သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိခဲ့သော အသိပညာ၊ အတတ်ပညာများကို မိမိတို့တွင်ရှိသော အတွေ့အကြုံကောင်းများနှင့် ဆက်စပ်ပေါင်းစပ်ပြီး နိုင်ငံတော်၏ အလေးမအားကစားတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိ ထိထိရောက်ရောက် ပြန်လည်ကျင့်သုံး လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏အားကစားတိုးတက်မြှင့်တင်ရေး လုပ်ငန်းတာဝန်များကို အမျိုးသားရေးလုပ်ငန်းတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
 
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သူ နည်းစနစ် ကျွမ်းကျင်သူ Hungaryနိုင်ငံမှ Mr.Tamas Feherမှ  သင်တန်းဆင်း အမှာစကား ပြောကြားပါသည်။
 
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်  Mr.Tamas Feherမှ သင်တန်းသားများ ကိုယ်စား သင်တန်းသားခေါင်းဆာင်များသို့ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းတွင် သင်ကြား ပို့ချပေးသော အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ်မှ တာဝန်ပေးအပ်သူ နည်းစနစ်ကျွမ်းကျင်သူ Hungaryနိုင်ငံမှ Mr.Tamas Feherအား အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

back to top Eng